ကြည်နူးဖွယ်ကောင်း လတပေါင်း
အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ ၊ ဖလေသိနော ဆဒနံ ၀ိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘန္တေ - ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်တော်မြတ်ဘုရား။
ဒါနိ ဣဒါနိ - ဆောင်းကိုလွန်မြောက် နွေဦးပေါက်သို့ ရောက်လတ်တုံလာ ယခုအခါ၌။
ဒုမာ - တစ်ခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်။
ဆဒနံ - ရှည်ကြာမြင့်ညောင်း ရွက်ရော်ဟောင်းကို။
ဝိပ္ပဟာယ - စွန့်ပယ်သောထွေ ကြွေကျကုန်၍။
ဖလေသိနော - အသစ်ဖြစ်သောအသီးကို ရှာမှီးကြကုန်သကဲ့သို့ ဖြစ်၍။
အင်္ဂါရိနော - မီးကျီးအသွေး နီတွေးသောရွက်နုအပွင့်အဖူးတို့နှင့် ပြည့်စုံကြလေကုန်၏။
တေ - ထိုသစ်ပင်အပေါင်းတို့သည်။
အစ္စိမန္တောဝ - ဥတုလှုံ့ဆောင် အရောင်ရှိကုန်ကြသည် ဖြစ်၍သာလျှင်။
ပဘာသယန္တိ - ပြောင်တ၀င်းဝင်း ထွန်းလင်းတောက်ပကြလေကုန်၏။
မဟာဝီရ - ကြီးမြတ်သောလုံ့လရှိတော်မူသော မြတ်စွာဘုရား။
အင်္ဂီရသာနံ - ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူ
သော ဘုရားရှင်တို့၏။
သမယော - မွေးရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်းကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
Showing posts with label မာဂဓီ-သာစည်ဆရာတော်ဘုရားကြီး. Show all posts
Showing posts with label မာဂဓီ-သာစည်ဆရာတော်ဘုရားကြီး. Show all posts
Friday, March 15, 2013
Tuesday, November 13, 2012
သတိအမြဲရှိပါ
သတိအမြဲရှိပါ
ငါသည် မုချ သေရမည် ...
အချိန်ပိုင်းသာ လိုတော့သည် ...
(မိုးကုတ်ဆရာတော်ဘုရားကြီး)
Friday, October 12, 2012
Tuesday, October 9, 2012
ကျေးဇူးဂုဏ်တင် ဆရာရှင်
ကျေးဇူးတော်ရှင်
မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပဓာနနာယက၊ ကျောင်းအုပ်ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ
ဘဒ္ဒန္တ ပညာသာမိ(မာဂဓီ-သာစည်)ဆရာတော်ဘုရားကြီး
Subscribe to:
Comments (Atom)

